page

Friday, February 10, 2012

သမ္မာကျမ်းစာအရစီစစ်ခြင်း

 သမ္မာကျမ်းစာအရစီစစ်ခြင်း
သခင်ယေရှုခရစ်တော်အားအမျိုးမျိုးဝေဖန်စွတ်စွဲခြင်း
ပြဿနာ၏အစမှာကျမ်းစာကိုသေသေချာချာမဖတ်ရှုဘဲ
မိမိ၏အတွေးအခေါ်လွဲမှား၍သော်၎င်း၊အထင်ကရပုဂ္ဂိုလ်
များ၏လွဲမှားသောနုတ်ထွက်စကားဖြင့်သော်၎င်းပေါ်ပေါက်
လာခြင်းဖြစ်ပါသည်။ ယေရှုအကြောင်းကိုသမ္မာကျမ်းစာကအ
တိအကျဖော်ပြထားပါတယ်။
လူသားတွေကိုအပြစ်မှကယ်တင်မည့်ကယ်တင်ရှင် ကြွလာ
မယ်ဆိုတာ သမ္မာကျမ်းစာထဲမှာအပြည့်အစုံဖော်ပြထားပါတယ်
သို့ရာတွင်ကျမ်းပေါင်း(၆၆)ကျမ်း၌ယေရှုသည်တိဗက်ပြည်
တွင်ဗုဒ္ဓထံ၌နည်းခံရမည်ဖြစ်ကြောင်းဖော်ပြထားခြင်းမရှိခဲ့ပါ။
ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတ္တံ့ဟူသော
ပရောဖက်တို့၏နှုတ်ထွက်နှင့်အညီ နာဇရက်အမည်ရှိသောမြို့
သို့ရောက်၍အမြဲနေလေ၏။ (မဿဲ၊ ၂:၂၃ )
နာဇရက်မြို့မှာ အမြဲနေလေ၏ ဆိုထားတဲ့အတွက် မည်သည့်
နေရာမှမသွားကြောင်းဖော်ပြထားတာဖြစ်ပါတယ်။