၁။ ကျွန်ုပ်သည် ဘုရားသခင်ထံမှလာသောသူ၊ ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသောဘုရားသခင်၏
နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောသူဖြစ်သည်။ (၁ပေ ၂း၂၃)
၂။ ကျွန်ုပ်သည် ခရစ်တော်အားဖြင့် သားအရာကိုရပြီ။ (ဧဖက် ၁း၅)
၃။ ကျွန်ုပ်၏ အပြစ်အားလုံးကို ခွင့်လွှတ်ခြင်းခံရပြီ။(ဧ ၁း၈၊ဟေဗြဲ၊၉း၁၄၊တော ၁း၁၄၊၁ယော၊၁း၉၊၂း၂၂)
၎။ ကျွန်ုပ်သည် အသစ်ပြုခြင်းခံရသောသတ္တဝါဖြစ်သည်။( ၂ ကော ၊ ၁၅း၁၇)
၅။ ကျွန်ုပ်၏ရန်သူသည် စာတန်မာရ်နတ်ဖြစ်သည်။( ၁ ပေ ၊၅း၈)
၆။ ကျွန်ုပ်သည်သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်သည်။ (၁ကော ၃း၁၆၊ ၆း၁၉၊ဧ၊၂း၂၂
၇။ ကျွန်ုပ်သည်မှောင်မိုက်တန်ခိုးမှ နှုတ်ယူခြင်းခံပြီး ချစ်တော်မူသောသားတော်၏နိုင်ငံသို့သွင်းတော်မူခြင်းခံရပြီ။(ကော၊၁း၁၃)
၈။ ကျွန်ုပ်သည်ကျိန်ခြင်းအရာမှလွတ်မြောက်ပြီ။ (ဂလာ ၃း၁၃။ရော၊၈း၁ -၂)
၉။ ကျွန်ုပ်ကောင်းကြီးခံစားရသည်။(ဂလာ ၃း၉။ဧ ၁း၃။တရားဟော၂၈း၁ - ၄)
၁၀။ ကျွန်ုပ်သည်သန့်ရှင်းသူဖြစ်သည်။ (ရော၊၁း၇။ ဧ၊၁း၁။ကော ၊၁း၂။ဖိ၊ ၁း၁။၁ကော ၊၁း၂)
၁၁။ ကျွန်ုပ်သည်အမြီးမဖြစ်ရဘဲခေါင်းဖြစ်ရပြီ။(တရားဟော၊၂၈း၁၃)
၁၂။ ကျွန်ုပ်သည် အောက်၌မနေရဘဲ အပေါ်၌နေရသော အခွင့်ရှိပြီ။ (တရားဟော ၂၈း၁၃)
၁၃။ ကျွန်ုပ်သည်ဘုရာရှေ့တော်၌မေတ္တာအားဖြင့်သန့်ရှင်လျက်၊ အပြစ်ကင်းလွတ်လျက်ရှိပြီ။(ဧ ၊၁း၎။ဧ ၊ ၄း ၂၄)
၁၄။ကျွန်ုပ်သည်ဘုရားရွေးကောက်သောသူ၊ ချစ်အပ်သော သူကဲ့သို့ ဖြစ်သည်။
(ကော ၃း၁၂၊ ၁ သက်၊၁း၎။၁ပေ ၂း၉-၁၀၊ရော၊၈း၃၃၊ဧ၊၁း၎။ရော ၊၁း၇)
၁၅။ကျွန်ုပ်သည်ယေရှုခရစ်တော်၏အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်မည့်အကြောင်းကျွန်ုပ်ကို
အဆုံးတိုင်အောင်ခိုင်ခံ့မြဲမြံစေပြီ။(ဧ၊ ၂း၁၃)
၁၆။ ကျွန်ုပ်သည်ယေရှုခရစ်တော်၌ဖြစ်၍အသွေးတော်အားဖြင့်အနီးသို့ ရောက်ပြီ။ (ဧ၊ ၂း၁၃)
၁၇။ ကျွန်ုပ်သည်အောင်မြင်သောသူဖြစ်သည်။ (၁ကော၊ ၁၅း၅၇၊ရော၊၈း၃၇)
၁၈။ ကျွန်ုပ်သည်လွတ်ခြင်းအခွင့်ရပြီ။(ယော၊၈း၃၂-၃၆)
၁၉။ ကျွန်ုပ်သည် ကိုယ်တော်၌ခွန်အားစုံလင်လျှက်ရှိပြီ။ (၁ကော၊၁၆း၁၃၊ဧ၊၆း၁၀)
၂၀။ ကျွန်ုပ်သည် အပြစ်နှင့်ဆိုင်သောအရာတွင်အသေဖြစ်ပြီ။ (ရော ၆း၂၊ ၁၁၊ ၁ပေ၊၂း၂၄)
၂၁။ ကျွန်ုပ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တံဆိပ်ခတ်ခြင်း ခံရသော သူဖြစ်သည်။(ဧ၊၁း၃)
၂၂။ ကျွန်ုပ်သည် ဘုရားသခင်အားဖြင့် ယေရှု၌ တည်နေသောသူ ဖြစ်သည်။ (၁ကော၊၁း၃၀)
၂၃။ ကျွန်ုပ်သည် ယေရှု၏ လက်ခံခြင်းခံရသူဖြစ်သည်။(ရော၊၁၅း၇)
၂၄။ ကျွန်ုပ်သည် ယေရှု၏ မိတ်ဆွေဖြစ်သည်။(ယော၊၁၅း၁၅)
၂၅။ ကျွန်ုပ်သည် ဘုရား၏အသက်ကျောက်၊ ခရစ်တော်၌ တည်ဆောက်ခြင်းခံရသော ဓမ္မ္မတိုက်ဖြစ်သည်။(၁ပေ၊ ၂း၎၊၅)
၂၆။ ကျွန်ုပ်သည် ဘုရားကိုသိသောဥာဏ်တိုးပွားခြင်းရှိသဖြင့် ခပ်သိမ်းသောအရာကို ကျော်လွှားနိုင်သည်။
(ကော ၁း၁၀-၁၁)
၂၇။ ကျွန်ုပ်သည် ခရစ်တော်နှင့်အတူလက်ဝါးကပ်တိုင်မှာ အသေခံပြီ။ (ဂလာ ၂း၂၀၊ ရော ၆း၆)
၂၈။ ကျွန်ုပ်သည် ဇာတိပကတိအရာ၌ လွတ်မြောက်ပြီ။ (ရော ၈း၁)
၂၉။ ကျွန်ုပ်သည် ခရစ်တော်နှင့်အတူအသက်ရှင်ပြီး ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်ရပြီ။
(ဧ ၂း၅၊ ကော ၂း၁၃)
၃၀။ ကျွန်ုပ်သည် ထိုသခင်၌စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံ ကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ၊ ယုံကြည်ခြင်းတိုးပွား ပြည့်စုံလျက်ရှိ သည်။ (ကော ၂း၇)
၃၁။ ကျွန်ုပ်သည် သန့်ရှင်းသူတို့၏ အမျိုးသားချင်းဖြစ်သည်။ ဘုရားသခင်၏အိမ်တော်သားလည်းဖြစ်သည်။ (ဧ ၂း၉)
၃၂။ ကျွန်ုပ်သည် ခမည်းတော်ထံ၌တိုးဝင်ချဉ်းကပ်ခွင့်ရပြီ။ (ဧ ၂း၁၈၊ ဟေဗြဲ ၄း၁၆)
၃၃။ ကျွန်ုပ်သည် ဘုရားဖြစ်ဘွားသူ၊ လုံခြုံမှုပေးခြင်းခံရသောကြောင့် မာရ်နတ်မထိခိုက်နိုင်ပါ။
(၁ယော ၅း၁၈-၂၀၊ ယော ၁၇း၁၄)
၃၄။ ကျွန်ုပ်သည် ဘုရားရွေးချယ်ခြင်းခံရသူ၊ သစ္စာရှိသူဖြစ်သည်။ (ဗျာ ၁၇း၁၄၊ ယော ၁၀း၎၊ မဿဲ ၁၆း၂၄၊ ဗျာ ၁၄း၎)
၃၅။ ကျွန်ုပ်သည် တပါးသူများကိုချစ်သောကြောင့် ယေရှု၏တပည့်တော်စစ်ဖြစ်သည်။ (ယော ၁၃း၃၄-၃၅)
၃၆။ ကျွန်ုပ်သည် လောက၏အလင်းဖြစ်သည်။ (မဿဲ ၅း၁၄၊ ယော ၁း၁၂)
၃၇။ ကျွန်ုပ်သည် လောက၏ဆားဖြစ်သည်။ (မဿဲ ၅း၁၃)
၃၈။ ကျွန်ုပ်သည် နိမိတ္တသတ္တဝါတို့တွင် အဦးသီးသောအသီးဖြစ်သည်။ (ယော ၁း၁၈)
၃၉။ ကျွန်ုပ်သည် ခရစ်တော်၏သံတမန်ဖြစ်သည်။ (၂ကော ၅း၂၀)
၄၀။ ကျွန်ုပ်သည် ဘုရားသခင်၏ သံတမန်ဖြစ်သည်။ (ယော၊၁း၂၇)
၄၁။ ကျွန်ုပ်သည် ဘုရားသခင်၏ မျက်လုံး၌ပန်းသီးတစ်လုံးဖြစ်သည်။ (တရား ၃၂း၁၀။ ဆာ ၁၇း၈)
၄၂။ ကျွန်ုပ်သည် ခရစ်တော်၏ ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ပြီ။ (၁ပေ ၂း၂၄။ ဟေရှာ ၅၃း၆)
၄၃။ ကျွန်ုပ်သည် ဘုန်းအသေရေတိုးပွား၍ ဘုရားသခင်၏ပုံသဏ္ဍန်နှင့်အညီ ပြောင်းလဲခြင်းရှိသည်။ (၂ကော ၃း၁၈)
၄၄။ ကျွန်ုပ်သည် ယေရှုခရစ်အားဖြင့် ထမြောက်၍ ကောင်းကင်အရပ်၌ နေရာပေးခြင်းခံရပြီ။ (ဧ ၂း၆။ ဖိ ၃း၂၀)
၄၅။ ကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံသောသူဖြစ်သည်။ (ယော ၁၇း၁၆)
၄၆။ ဘုရားသည် ယေ.ရှုကိုချစ်တော်သကဲ့သို့ ကျွန်ုပ်ကိုချစ်တော်မူသည်။ (ယော ၁၇း ၁၆)
၄၇။ ကျွန်ုပ်၌လူတို့ကြံ၍ မမှီသော ငြိမ်သက်ခြင်းရှိသည်။.(ဆာ ၁၁၉း ၁၆၅။ ရော ၅း၁။ ယော ၁၄း၂၇။ ဖိ ၄း၇)
၄၈။ ကျွန်ုပ်၌ ခရစ်တော်၏ စိတ်ရှိသည်။(၁ကော ၂း၁၆)
၄၉။ ကျွန်ုပ်တွင် ပညာနှင့်ထိုးထွင်းသောဥာဏ်ရှိသည်။ (ဧ ၁း ၁၇)
၅၀။ ကျွန်ုပ်သည် လောကကိုအောင်မြင်ခြင်းရှိသည်။ (၁ယော ၅း၎)
၅၁။ ငါ့ကိုခွန်အားနှငိ့ ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတက်စွမ်းနိုင်၏။ (ဖိ ၄း၁၃)
၅၂။ ကျွန်ုပ်ဘက်၌ ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးတော်မူသည်။( ၁ယော ၄း ၄)
၅၃။ ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မှုခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ
ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ (ဖိ ၃း၁၄)
၅၄။ ဂရုဏာကျေးဇူးကို အထက်ကမခံရသော်လည်း ယခုတွင်ခံရပြီ။ (၁ပေ ၂း၉-၁၀)
၅၅။ ကျွန်ုပ်သည်လောကဝိညာဉ်ကိုမခံ ဘုရားသခင် ပေးတော်မှုသော အရာတို့ကို သိခြင်းအလို့ငှာ
ဘုရားသခင်ထံမှကြွလာသော ဝိညာဉ်ကိုခံရပြီ။ (၁ကော ၂း၁၂)
၅၆။ ကျွန်ုပ်သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်ပြီး သခင်ယေရှုခရစ်အားဖြင့်ငြိမ်သက်ခြင်းကို ခံရပြီ။
(ရော ၅း၁)
၅၇။ ကျွန်ုပ်သည် အဘိုးနှင့်ဝယ်ခြင်းခံရသူဖြစ်သောကြောင့်မိမိကိုယ်မိမိမပိုင် ဘုရားသခင်ပိုင်တော်မှုသည်။
(၁ကော ၆း ၁၉-၂၀)
၅၈။ ကျွန်ုပ်သည် ကိုယ်အလိုသို့လိုက်၍အသက်မရှင်။ (၂ကော ၅း၁၄-၁၅၊ ဂလာ ၂း၂၀)
၅၉။ ကျွန်ုပ်သည်တန်ခိုးပါသောစိတ်၊ ချစ်တက်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ရရှိပြီ။(၂တိ ၁း၇)
၆၀။ ကျွန်ုပ်သည် သနားခြင်းဂရုဏာကို၎င်း၊ တော်လျော်သောမစခြင်း၊ ကျေးဇူးတော်ကို၎ငိး၊ ခံရမည့်အကြောင်း ရဲရင့်သောစိတ်နှင်ကျးဇူးတော်ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ခွင့်ရှိသည်။(ဟေဗြဲ ၄း၁၆)
(yinsnine) "Waing"..

No comments:
Post a Comment