ငါတို့၌ပြုပြင်သော တန်ခိုးတော်အတိုင်း ငါတို့တောင်းပန်ကြံစည်သမျှထက်
အလွန်ထူးခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည် ………
တစ်ခါတရံမှာ ကျနော်တို့တွေသိပ်ပြီးမျှော်လင့်ထား၊ တောင့်တထားတဲ့အရာကို ဘုရားသခင်ဆီမှာ တောင်းပါလျက်နဲ့ မရတဲ့အချိန်မျိုးတွေရှိတတ်သလို ဘုရားသခင်တတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိန်းသေပေါက်မျှော်လင့်ထားတာတွေ လွဲချော်သွားတဲ့အခါ ဒါမှမဟုတ် ဖြစ်မလာတဲ့အခါမှာ တကယ့်ကို ခံစားရခက်၊ နားလည်ရခက်တတ်ပါတယ်။ ကျနော်တို့ရဲ့အသက်တာမှာ တောင်းကြလော့၊ တောင်းလျှင်ရလိမ့်မည် ဆိုတဲ့ကျမ်းချက်ကို အာဂုံဆောင်ထားပြီး တစ်ဘ၀လုံးအတွက် ပုံသေကားချတွက်ထားလို့ မရဘူးဆိုတာကို ဒီနှုတ်ကပတ်တော်အားဖြင့် လေ့လာကြည့်ကြရအောင်။ သခင်ယေရှုက ဒီစကားကိုပြောခြင်းဟာ ဆုတောင်းခြင်းတွေအတွက် အဖြေရဖို့အာမခံချက်ပေးခြင်းဖြစ်ပါတယ်။ တောင်းတိုင်းရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးတော်က ကျနော်တို့ရဲ့ ဆုတောင်းခြင်းတွေထဲမှာကို ပေါ်လွင်ထင်ရှားတယ်ဆိုတာ နောက်ပိုင်းမှာပိုပြီး သဘောပေါက်လာပါလိမ့်မယ်။ တမန်တော်ပေါလုက “ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကိုတောင်းရမည်ကို မသိကြ ”လို့ ရောမ ၈း၂၆ မှာညီးတွားခဲ့ဖူးပါတယ်။ ပေါလုလို သာသနာပြုပုဂ္ဂိုလ်ကြီးတစ်ယောက်တောင်မှ ဆုတောင်းသင့်တဲ့ အရာကို တစ်ခါတရံမှာ မသိဘူးဆိုရင်