page

Friday, February 10, 2012

သမ္မာကျမ်းစာအရစီစစ်ခြင်း

 သမ္မာကျမ်းစာအရစီစစ်ခြင်း
သခင်ယေရှုခရစ်တော်အားအမျိုးမျိုးဝေဖန်စွတ်စွဲခြင်း
ပြဿနာ၏အစမှာကျမ်းစာကိုသေသေချာချာမဖတ်ရှုဘဲ
မိမိ၏အတွေးအခေါ်လွဲမှား၍သော်၎င်း၊အထင်ကရပုဂ္ဂိုလ်
များ၏လွဲမှားသောနုတ်ထွက်စကားဖြင့်သော်၎င်းပေါ်ပေါက်
လာခြင်းဖြစ်ပါသည်။ ယေရှုအကြောင်းကိုသမ္မာကျမ်းစာကအ
တိအကျဖော်ပြထားပါတယ်။
လူသားတွေကိုအပြစ်မှကယ်တင်မည့်ကယ်တင်ရှင် ကြွလာ
မယ်ဆိုတာ သမ္မာကျမ်းစာထဲမှာအပြည့်အစုံဖော်ပြထားပါတယ်
သို့ရာတွင်ကျမ်းပေါင်း(၆၆)ကျမ်း၌ယေရှုသည်တိဗက်ပြည်
တွင်ဗုဒ္ဓထံ၌နည်းခံရမည်ဖြစ်ကြောင်းဖော်ပြထားခြင်းမရှိခဲ့ပါ။
ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတ္တံ့ဟူသော
ပရောဖက်တို့၏နှုတ်ထွက်နှင့်အညီ နာဇရက်အမည်ရှိသောမြို့
သို့ရောက်၍အမြဲနေလေ၏။ (မဿဲ၊ ၂:၂၃ )
နာဇရက်မြို့မှာ အမြဲနေလေ၏ ဆိုထားတဲ့အတွက် မည်သည့်
နေရာမှမသွားကြောင်းဖော်ပြထားတာဖြစ်ပါတယ်။


Friday, January 27, 2012

မျှော်လင့်သလိုမဖြစ်ခဲ့ရင် …..

ငါတို့၌ပြုပြင်သော တန်ခိုးတော်အတိုင်း ငါတို့တောင်းပန်ကြံစည်သမျှထက် 
အလွန်ထူးခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည် ……… 
တစ်ခါတရံမှာ ကျနော်တို့တွေသိပ်ပြီးမျှော်လင့်ထား၊ တောင့်တထားတဲ့အရာကို ဘုရားသခင်ဆီမှာ တောင်းပါလျက်နဲ့ မရတဲ့အချိန်မျိုးတွေရှိတတ်သလို ဘုရားသခင်တတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိန်းသေပေါက်မျှော်လင့်ထားတာတွေ လွဲချော်သွားတဲ့အခါ ဒါမှမဟုတ် ဖြစ်မလာတဲ့အခါမှာ တကယ့်ကို ခံစားရခက်၊ နားလည်ရခက်တတ်ပါတယ်။ ကျနော်တို့ရဲ့အသက်တာမှာ တောင်းကြလော့၊ တောင်းလျှင်ရလိမ့်မည် ဆိုတဲ့ကျမ်းချက်ကို အာဂုံဆောင်ထားပြီး တစ်ဘ၀လုံးအတွက် ပုံသေကားချတွက်ထားလို့ မရဘူးဆိုတာကို ဒီနှုတ်ကပတ်တော်အားဖြင့် လေ့လာကြည့်ကြရအောင်။ သခင်ယေရှုက ဒီစကားကိုပြောခြင်းဟာ ဆုတောင်းခြင်းတွေအတွက် အဖြေရဖို့အာမခံချက်ပေးခြင်းဖြစ်ပါတယ်။ တောင်းတိုင်းရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးတော်က ကျနော်တို့ရဲ့ ဆုတောင်းခြင်းတွေထဲမှာကို ပေါ်လွင်ထင်ရှားတယ်ဆိုတာ နောက်ပိုင်းမှာပိုပြီး သဘောပေါက်လာပါလိမ့်မယ်။ တမန်တော်ပေါလုက “ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကိုတောင်းရမည်ကို မသိကြ ”လို့ ရောမ ၈း၂၆ မှာညီးတွားခဲ့ဖူးပါတယ်။ ပေါလုလို သာသနာပြုပုဂ္ဂိုလ်ကြီးတစ်ယောက်တောင်မှ ဆုတောင်းသင့်တဲ့ အရာကို တစ်ခါတရံမှာ မသိဘူးဆိုရင်

Friday, January 20, 2012

ဘုရားသခင်၏ကျေးဇူးတော်ကြောင့် “ကျွန်ုပ်ဘယ်သူလဲ”

၁။ ကျွန်ုပ်သည် ဘုရားသခင်ထံမှလာသောသူ၊ ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသောဘုရားသခင်၏
နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောသူဖြစ်သည်။ (၁ပေ ၂း၂၃)
၂။ ကျွန်ုပ်သည် ခရစ်တော်အားဖြင့် သားအရာကိုရပြီ။ (ဧဖက် ၁း၅)
၃။ ကျွန်ုပ်၏ အပြစ်အားလုံးကို  ခွင့်လွှတ်ခြင်းခံရပြီ။(ဧ ၁း၈၊ဟေဗြဲ၊၉း၁၄၊တော ၁း၁၄၊၁ယော၊၁း၉၊၂း၂၂)
၎။ ကျွန်ုပ်သည် အသစ်ပြုခြင်းခံရသောသတ္တဝါဖြစ်သည်။( ၂ ကော ၊ ၁၅း၁၇)
၅။ ကျွန်ုပ်၏ရန်သူသည် စာတန်မာရ်နတ်ဖြစ်သည်။( ၁ ပေ ၊၅း၈)
၆။ ကျွန်ုပ်သည်သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်သည်။ (၁ကော ၃း၁၆၊ ၆း၁၉၊ဧ၊၂း၂၂
၇။ ကျွန်ုပ်သည်မှောင်မိုက်တန်ခိုးမှ နှုတ်ယူခြင်းခံပြီး ချစ်တော်မူသောသားတော်၏နိုင်ငံသို့သွင်းတော်မူခြင်းခံရပြီ။(ကော၊၁း၁၃)
၈။ ကျွန်ုပ်သည်ကျိန်ခြင်းအရာမှလွတ်မြောက်ပြီ။ (ဂလာ ၃း၁၃။ရော၊၈း၁ -၂)
၉။ ကျွန်ုပ်ကောင်းကြီးခံစားရသည်။(ဂလာ ၃း၉။ဧ ၁း၃။တရားဟော၂၈း၁ - ၄)
၁၀။ ကျွန်ုပ်သည်သန့်ရှင်းသူဖြစ်သည်။ (ရော၊၁း၇။ ဧ၊၁း၁။ကော ၊၁း၂။ဖိ၊ ၁း၁။၁ကော ၊၁း၂)
၁၁။ ကျွန်ုပ်သည်အမြီးမဖြစ်ရဘဲခေါင်းဖြစ်ရပြီ။(တရားဟော၊၂၈း၁၃)
၁၂။ ကျွန်ုပ်သည် အောက်၌မနေရဘဲ အပေါ်၌နေရသော အခွင့်ရှိပြီ။ (တရားဟော ၂၈း၁၃)
၁၃။ ကျွန်ုပ်သည်ဘုရာရှေ့တော်၌မေတ္တာအားဖြင့်သန့်ရှင်လျက်၊ အပြစ်ကင်းလွတ်လျက်ရှိပြီ။(ဧ ၊၁း၎။ဧ ၊ ၄း ၂၄)

ဘုရင်ကြီးနှင့် မိဖုရားလေးယောက်

တစ်ခါတုန်းက တိုင်းပြည်ကြီးတစ်ခုမှာဘုရင်ကြီးတစ်ပါးရှိသတဲ့၊ ဘုရင်ဆိုတော့လဲ မိဖုရားအများကြီးရှိတာပေါ့၊ ဒါပေမဲ့ အဲ့ဒီဘုရင်ကြီးမှာတော့မိဖုရားလေးယောက်ဘဲရှိတယ်တဲ့။ သူ့ရဲ့ မိဖုရားတွေကိုကြီးစဉ်ငယ်လိုက် မိဖုရားကြီး။ မိဖုရားလဒ်။ မိဖုရားငယ်။ နှင့် မိဖုရားလေး
ဆိုပြီးခေါ်သတဲ့။ သူ့ရဲ့မိဖုရားလေးယောက်ထဲမှာ
စတုတ္ထမြောက်မိန်းမဖြစ်တဲ့ အသက်အငယ်ဆုံးသောမိဖုရားလေးကို ဘုရင်ကြီးကအချစ်ဆုံးတဲ့ ။ဒါကြောင့် အကောင်းဆုံးကိုပဲပေးတယ်။
အကောင်းဆုံးအစားအစာတွေကျွေးတယ်။ သူ့ရဲ့ကတ္တီပါဝတ်လုံနဲ့လွှမ်းခြုံပေးတယ်။ အချစ်ဆုံးဆိုတော့
ဘာမဆို အကောင်းဆုံးကိုဘဲပေးတာပေါ့၊
ဘုရင်ကြီးကအရမ်းချောတဲ့ တတိယမြောက်မိဖုရားငယ်ကိုလည်းချစ်ပါတယ်။
ဒါကြောင့်အိမ်နီးချင်းတိုင်းပြည်တွေကို လိုက်လံပြသပေးတယ်တခြားတိုင်းပြည်တွေကမိဖုရားတွေထက်
မိဖုရားငယ်ကချောကြောင်းလှကြောင်းသွားကြွားရင်းပေါ့၊ဒါပေမယ့် ဒီတတိယမြောက်မိဖုရားငယ်နဲ့ပတ်သက်ပြီးဘုရင်ကြီးစိုးရိမ်တာတစ်ခုရှိတယ်။ဘာလဲဆိုတော့
သူ့ကိုထားခဲ့ပြီးနောက်အိမ်ထောင်ပြုမှာကိုဘဲ

Friday, January 13, 2012

ငရဲပြည်သည် အမှန်စင်စစ် ရှိနေသည့် အကြောင်း အရာ

          တောင်အမေရိကတိုက်ရှိ၊ အီကွေဒေါနိုင်ငံမှ အိန်ဂျယ်လီကာဆိုသူ မိန်းမငယ် လေးတစ်ဦးသည် ခရစ်တော် ပြန်ကြွလာတော့မည့်အကြောင်း ကောင်းကင်ဘုံနှင့် ငရဲဘုံအကြောင်းကို (၂၃) နာရီအကြာ ခရစ်တော်ဘုရား၏ ဖွင့်ပြခြင်းကို တွေ့မြင်ခဲ့ရ ပါသည်။ အိန်ဂျယ်လီကာအား ခရစ်တော် ဖော်ပြခြင်းနှင့်ပတ်သက်၍ မြောက်များလှစွာ သော ပျောက်ဆုံးဝိညာဉ်များကြောင့် ခရစ်တော်ဘုရား မျက်ရည်ကျခြင်း၊ ကမ္ဘာလော ကလူသားများက ခရစ်တော်ဘုရားကို ငြင်းပယ်ခဲ့ခြင်း၊ အသင်းတော်များသည် ခရစ် တော်ဘုရား ဒုတိယအကြိမ် ကြွလာခြင်းအတွက် ကြိုတင်ပြင်ဆင်မှုမရှိခြင်း၊ ပျောက်ဆုံး ၀ိညာဉ်များထံ သက်သေခံခြင်းကို ရပ်တန့်ခြင်း၊ အပျော်အပါး လိုက်စားခြင်းအားဖြင့် ကလေးသူငယ်များသည် စာတန်မာရ်နတ်၏ အပြစ်သို့ဖြားယောင်း သွေးဆောင်ခံရ ခြင်း၊ အကြောင်းများကို မြင်ခဲ့ရပါသည်။ ထို့အပြင်လူသားများက အထင်ကြီးလေးစား ကြသော နာမည်ကျော်ကြားသည့် အဆိုတော်များ ဖျော်ဖြေရေးသမားများနှင့် ရဟန်း မင်းကြီးတစ်ပါးသည်လည်း ငရဲဘုံတွင်းသို့ ကျရောက်နေသည်ကို မြင်တွေ့ခဲ့ရပါသည်။ ကောင်းကင်နိုင်ငံတော်သည် ခမ်းနားထည်ဝါလှသည့်နေရာ ဖြစ်သည်သာမက ၀ိညာဉ် ဆိုးများနှင့် ညစ်ညူးသောရာများ မရှိသည့်နေရာဖြစ်သည်ကို အိန်ဂျယ်လီကာအား ဘုရားသခင်က ပြသခဲ့ပါသည်။ ယေရှုခရစ်တော်ဘုရားတစ်ဖန်ကြွလာခြင်းသည် သန့် ရှင်းသော ယုံကြည်သူများကိုသာ ခေါ်ဆောင်ဖို့ရန်ဖြစ်ပြီး ထိုနေ့ရက်၌ အဆင်သင့် မရှိ သည့် ယုံကြည်သူများသည်၊ ဤလောက၌ ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါ သည်။

မက်ဇီမာ(အိန်ဂျယ်လီကာ၏မိခင်)

ကျွန်မနာမည် မက်ဇီမာဇမ်ဘရာနိုမိုရာ ဖြစ်ပါသည်။ EIEmpalme မှာရှိသည့် Casa de Orcion အသင်း တော်မှဖြစ် ပါသည်။ ကျွန်မတို့ အစာရှောင်ဆုတောင်း ခြင်းကို (၁၅)ရက်ကြာ ပြုလုပ်ပြီး သမီးအိန်ဂျယ်လီကာ လည်းပါဝင်ခဲ့ပါသည်။ကျွန်မတို့အနားယူသည့် နေရာ၌ သာမက အိမ်ပြန်ရောက်သည်အထိ ဘုရားသခင်၏ စကားတော်ကိုကြားရန် ဆက်ပြီး ဆု တောင်းနေကြပါသည်။ (၁၅)ရက်အကြာ အစာရှောင်ဆုတောင်းနေသည့်အချိန်မှာ ကျွန်မတစ်ခါမှ မကြုံဘူးသော သဘာဝလွန်ကဲသည့် အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ ရပါသည်။ ကျွန်မတို့သည် ဘုရားသခင်ထံမှ အသစ်သောခွန်အားများကို ရရှိခဲ့ပါသည်။ ကျွန်မတို့ ကြုံတွေ့နေရသောဒုက္ခပြဿနာ အမျိုးမျိုးကြောင့် မကြာမကြာ စိတ်ဓါတ်ကျ နေရသော်လည်း ကျွန်မတို့ကို ကူညီမစရန် ဘုရားသခင်က ကျွန်မတို့နှင့်အတူ ရှိနေ သည်ဖြစ်ကြောင်းကို သိရှိခဲ့ရပါသည်။ ထိုအချိန်မှာ ဘုရားသခင်က (ယေရမိ - ၃၃း၃) ကျမ်းပိုဒ်အားဖြင့် ခွန်အားပေးခဲ့ပါသည်။ “ ငါ့ကိုခေါ်လော့ ငါထူးမည် ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကိုငါပြမည်။ ” ထိုအစာ ရှောင်ဆု တောင်းနေ ချိန်၌ သမီးအိန်ဂျယ်လီကာသည် ဘုရားသခင်ထံမှ အလေးအနက်ထား တောင်းဆိုခဲ့ သည့် အရာကို ကျွန်မ မသိခဲ့မိပါ။

အိန်ဂျယ်လီကာ (သမီး)


Thursday, January 12, 2012

ဟုတ်မှန်သော အလင်းအားဖြင့် နားနေရာကို ရှာဖွေခြင်း

အဖ ဘုရားသခင် ကျွန်တော်ရဲ့ အသက်တာကို ဘယ်လိုအသုံးပြုမှာလဲ။ ကျွန်တော်ရဲ့ ဘ၀အသက်တာက ဘာဖြစ်ပါသလဲ။
ကျွန်တော် အသက် ၁၄ နှစ်သား အရွယ်မှာ အထက်ပါ မေးခွန်းတွေနဲ့ ပါတ်သတ်ပြီး အများကြီး တွေးခဲ့ ဘူးပါတယ်။ ကျွန်တော်ဟာ အသက်ရှင်သော ဘုရားကို သိကျွမ်း ပေမဲ့ စိတ်ပျက်စရာ များနှင့် စိတ်ဓါတ်ကျ စရာ တွေရှိနေခဲ့ ပါတယ်။ အဲဒီ ဘုရားဟာ ကျွန်တော်ကို စိတ်ဝင်စားတယ် ကျွန်တော်ကို အသုံးပြုပြီး တစ်စုံတစ်ရာ လုပ်ချင်သော အရာတွေ အတွက် ကျွန်တော်ဟာ အရမ်း အံ့သြ ခဲ့ရပါတယ်။
တစ်ခုသော ညမှာ ကျွန်တော်ဟာ လမ်းလျှောက်ရင်း အဲဒီမေးခွန်းတွေကို တစိမ့်စိမ့် တွေးနေ မိပါတယ်။ အဲဒီ နေ့ညက ဘယ်အရာမှ သဲသဲကွဲကွဲ မမြင်နိုင် လောက်အောင် လုံးဝ မှောင်မိုက် နေပါတယ်။ ဒါပေမဲ့ ကျွန်တော် ဟာ လမ်းလျှောက်ရင်း ဘုရားသခင်နှင့် အချိန်ယူကာ ဆုတောင်း နေမိပါတယ်။ “ဘုရားသခင် ကိုယ်တော်ဟာ ကျွန်တော်ကို အသုံးပြုချင်တယ် ဆိုရင်၊ ကျွန်တော်ရဲ့ ဘ၀ကို ကိုယ်တော် ဘာလုပ် စေချင်တယ် ဆိုတာ ဖွင့်ပြ တော်မူပါ။ အဲဒီလို ဆုတောင်းပြီး တော်တော် ကြာတဲ့အခါ အစအန (လမ်းစ တစ်ခု) တွေ့လာရပါတယ်။ အဲဒီနေ့က ညပိုင်းမှာ တစ်နေရာမှာ ထိုင်ပြီး မပြန်ခင်မှာ ခေတ္တ ခဏ အနားယူဘို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့

Sunday, January 8, 2012

မီးခြစ်ရောင်းတဲ့ ကောင်မလေး

မူရင်း.... Hans Christian Andersen "A Little Match-Seller" (1846)

နှစ်သစ်အကြိုညမှာ ရာသီဥတုက အရမ်းအေးလွန်းနေတဲ့အပြင် နှင်းတွေပါ တစ်ဖွဲဖွဲကျနေခဲ့တယ်။ ညအမှောင်က တစ်ဖြည်းဖြည်း နိမ့်ဆင်းလာခဲ့တယ်။ ဒီလိုချမ်းအေးတဲ့ ညအမှောင်မှာ ဦးထုပ်မဆောင်းတဲ့ ခြေဗလာနဲ့ ကောင်မလေးတစ်ယောက် လမ်းပေါ်မှာ လျှောက်သွားနေခဲ့တယ်။ တကယ်ပါပဲ.. အိမ်ကထွက်လာတုန်းက သူဖိနပ်တစ်ရံ ဝတ်ထားပါသေးတယ်။ ဒါပေမယ့် ဖိနပ်က အရမ်းကိုကြီးလွန်းနေလို့ အသုံးမဝင်ခဲ့ပါဘူး။ အဲဒီဖိနပ်က သူ့အမေ စီးခဲ့တဲ့ဖိနပ်ဖြစ်တယ်။ ကားလမ်းကို အလျှင်စလို သူဖြတ်တဲ့အချိန် အဝေးကနေ ကတိုက်ကရိုက် မောင်းလာတဲ့ မြင်းလှည်းနှစ်စီးကြောင့် သူ့ဖိနပ် ကျွတ်ကျန်ခဲ့ရတယ်။

Saturday, January 7, 2012

သမ္မတကြီး အာဗြဟံ လင်ကွန်း

သုတ္တံ ၂၂း၁ "ကောင်းသော အသရေကို များစွာသော ဥစ္စာထက် သာ၍ ရွေးစရာ ကောင်း၏။ သူတစ်ပါး စုံမက်ခြင်း ကျေးဇူးသည် ရွှေငွေ ထက်သာ၍ ကောင်း၏။
အမရိကန် နိုင်ငံတွင် သမ္မတကြီးများ အဆက်ဆက် ရှိခဲ့ရာ အချို့သော သူများက လှပသော သမိုင်းကြောင်းကို ရေးခဲ့ကြသည်။ အချို့သော သူများက ရာဇ၀င် တွင်လောက်အောင် ထူးချွန်း ပြောင်မြောက်သော လုပ်ရပ်များ ရှိခဲ့သလို အချို့သော သူများ၌ အထင်ကြီး လေးစား ဂုဏ်ယူဘွယ် ကောင်းသော ဂုဏ်ပုဒ် များလည်း ရှိခဲ့ကြပါသည်။

သမ္မတကြီး အဗြဟံ လင်ကွန်းသည်လည်း အမေရိကန် နိုင်ငံ၏ သမ္မတ တစ်ဦး ဖြစ်ခဲ့ပါသည်။ သူသည် လူပင် သေသော်လည်း နာမည် မသေခဲ့သော ပုဂ္ဂိုလ် တစ်ပါးဖြစ်သည်။ သမ္မတကြီး လင်ကွန်း အပါအ၀င် အထင်ကရ ပုဂ္ဂိုလ်ကြီး လေးဦး၏ ရုပ်တုကို Black Hill Of Dakota တောင်တန်းတွင် ထွင်းထု ထားသည်မှာ အသက်ဝင်လှပြီး ကမ္ဘာ့အံဘွယ် လက်ရာ တစ်ခု အဖြစ် ထင်ရှား ကျော်ကြား ခဲ့ပါသည်။ သမ္မတကြီး လင်ကွန်းသည် အရပ်မြင့်မြင့်၊

Thursday, January 5, 2012

ခရစ်ယာန် ဘာသာများအတွက် အမြင်မရှင်းသော မေးခွန်းများ၏ အဖြေလွှာများ ။

၁။ ကောင်းကင်နှင့်မြေကြီး မဖန်ဆင်းခင် ထာဝရဘုရား သခင် အဘယ်မှာနေပါသနည်း။

ပရိတ်ကြီးပါဠိတော်၊ ရတနာသုတ်၌ ၊ ဝရောဝရညုဝရဒေါဝရဟရော အနုတ္တရောဓမ္မာရံ အဒေသယိ ဟော တော်မူလေသည်။ ။ အနက်ကား။ ။ ဝရော၊ မြတ်သော။ ဝရညု၊ မြတ်သော တရားကို သိတော်မူတတ်သော။ ဝရဟရော၊ မြတ်သော အစီးပွားကိုလည်း ဆောင်တော်မူတတ်သော။ ဝရဒေါ၊ မြတ်သော လောကုတ္တရာ တရားကိုလည်း ပေးတော်မူတတ်သော။ အနုတ္တရော၊ လွန်သောသူမရှိသော မြတ်စွာဘုရားသည်။ ဓမ္မဝရံ၊ ပရိယတ္တိ တရားတော်မြတ်ကို။ အဒေသယိ၊ ဟောတော်မူ၏ ဟုလာသောကြောင့်၊ ဘုရားကဟောမှ တရားတော်ရှိကြောင်း ထင်ရှားလေသည်။ ထိုသို့ဖြစ်လျှင်  ဘုရားသည် တရားတော် အရင်ရှိနှင့်သတည်း။
သမ္မာကျမ်းစာ၌ကား ဘုရားသခင်ဟူသည် ပုဂ္ဂိုလ်တော်သည် ပကတိအားဖြင့် ဘုရားဖြစ်တော်မူသောကြောင့် သယမ္ဘူဖြစ်တော်မူ၏။ "ဘုရားသခင်ကလည်း ငါဖြစ်သည့်အတိုင်း ငါဖြစ်၏" ( ထွက်မြောက်ရာ ၃း၁၄)။ ပါရမီဖြည့်ကျင့်သောကြောင့် ဘုရားမဟုတ်၊ ဘုရားဖြစ်သောကြောင့် ဘုရားဖြစ်၏။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျတို့သည် အလင်းတို့အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ပြောင်းလဲခြင်းမရှိ၊ လှည့်၍လည်း အရိပ်ကျစေတော် မမူတတ်၊ ယာကုပ် ၁း၁၇ ၌လာသည့်အတိုင်း။ မြတ်စွာဘုရားသခင်သည် စုံလင်တော်မူသော အရှင်ဖြစ်၍၊ သာ၍စုံလင်တော်မူရန်မလို၊ မစုံလင်သော လူသတ္တဝါသာလျှင် စုံလင်အောင် ကျင့်ရ။ ပါရမီဖြည့်ရလေသည်။ ထိုကျမ်းစာ စကား၌ "ပြောင်းလဲခြင်းမရှိ" ဟုလာသောကြောင့်။ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှ  နောက်ကမ္ဘာအဆက်ဆက်တိုင် ထာဝရဘုရားဖြစ်တော်မူ၏။

၂။ ထာဝရ ဘုရားကို မည်သူဖန်ဆင်းခဲ့သနည်း။ ထာဝရဘုရား၏ အတ္ထုပ္ပတ္တိကို ဖေါ်ပြပါ။

မေးခွန်းနံပါတ် (၁) နှင့် (၂) တို့၏ အဓိကမေးလိုသောမေးခွန်း၏ ဆိုလိုရင်းမှာ အဓိပ္ပါယ်မှာ တူညီနေသောကြောင့် ဤနေရာတွင် ဖြေဆိုရာတွင် ထပ်လောင်း၍ရှင်းလင်းစေရန် ဆက်လက်၍  ရေးသားသွားပါမည်။

ခရစ်ယာန် ဘာသာများအတွက် အမြင်မရှင်းသော မေးခွန်းများ

၁.ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရ ဘုရားသခင် ဘယ်မှာနေပါသနည်း?

၂. ထာဝရဘုရား ကို မည်သူဖန်ဆင်း ခဲ့သနည်း? ထာဝရ ဘုရားသခင်အဖြစ်သို့ ရောက်ရှိလာသည့် ထာဝရဘုရား၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။

၃. သာမန်ထူချွန်သော လူပုဂ္ဂိုလ် သည်ပင် ထူးချွန်လာဖို့ ကြိုးစား ဖြတ်သန်းလာခဲ့ရသည့် ခိုင်လုံသော အတ္ထုပ္ပတ္တိ သည် ရှိ၏ယခုကဲ့သို့ တုနှိုင်း
    မမှီသော ဘုရားဂုဏ် နှင့် ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတဆူဖြစ်ဖို့ ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိ
    သည် ရှိသင့်လှပေသည်။ ရှိက ဖော်ပြပါ။ အကျိုးတရား တခု တခု တိုင်းတွင် အကြောင်းတရား သည် ရှိ၏။ အကြောင်းတရား မရှိပဲ အကျိုး
    တရား ပေါ်ရိုးထုံးစံ ရှိပါသလား? အခိုင်အမာ ဖြေကြားပေးပါ။

၎. မွေးဖွားလာစကပင် တဦးနှင့်တဦး အတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

၅. ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?

Wednesday, January 4, 2012

ကောင်းချီး နှင့် ပေးပိုင်ရှင်

“အာဗြဟံ” ဟု ဘုရားသခင် ခေါ်လျှင်
“အကျွန်ုပ် ရှိ ပါ၏” ဟု အာဗြဟံ ထူးလေ၏။
“သင်အလွန် ချစ်တဲ့ တစ်ဦး တည်းသော သားဣဇက်ကို ယူ၍ မောရိပြည်သို့သွားလော့၊ ငါပြ လတံ့ သောတောင်ပေါ် မှာ
            မီးရှို.ရာယဇ် ပြု၍ သူ့ကို ပူဇော်လော့” ဟု မိန့်တော်မူ၏။
            အာဗြဟံ သည် နံနက် စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊
မိမိ သားဣဇက်နှင့် ငယ်သား ၂ ဦး ကိုခေါ်၍ ယဇ်ရှို.စရာထင်းကို ခွဲယူ၍
ဘုရားသခင် မိန့်တော်မူရာသို့ ထသွား လေ၏။
            သုံးရက်မြောက်နေ့၌ ယဇ်ပူဇော်မည့်တောင်ကို အဝေးက မြင်လျှင်၊
ငယ်သား ၂ ဦးကို မြည်းနှင့်အတူ ထားရစ်ကာ၊
            “သားနဲ့ အတူ ငါသွားကိုးကွယ်ပြီးမှ သင်တို့ ဆီပြန်လာမယ်” ဟု မှာ ကြားခဲ့၏။
            မီးရှို.စရာထင်းကို သားဣဇက်ပေါ် တင်ပြီး လျှင် အာဗြဟံ သည် မီးနှင့် ဓါးကို လက်၌ ကိုင် ဆွဲလျက် ၂ ဦးအတူ သွားကြ၏။
            သွားကြစဉ် ဣဇက်က
            “အဘ” ဟုခေါ်လျှင်
            “ငါ့သား- အဘ ရှိ ၏” ဟု အာဗြဟံ ထူးလေ၏။

Tuesday, January 3, 2012

“သမ္မာတရား”


           “အမှန်တရား”၊ ထိုအရာကိုလူသားများသည်အလွန်ပင်နှစ်သက်ကြသည်။ “အမှန်တ ရား” ကို သိရှိကြရန်ငယ်စဉ်အခါကတည်းက ရှာဖွေကြသည်။ ကျောင်းများ၊ တက္ကသိုလ်များ တက်ရောက်စဉ် ပညာများလေ့လာဆည်းပူးပြီး “အမှန်တရား”တည်းဟူသောအရာကို သိရှိ ရန်ကြိုးစားနေသည်။နေထိုင်ရာဝန်းကျင်အရပ်တွင်“အမှန်တရား”များရရှိအောင်ကြိုးပမ်းဆောင်ရွက်ကြသည်။မှားနေပါက“အမှန်တရား”ဖြင့်
ထောက်ပြကာအမှန်ပြင်ခိုင်းသည်။“ငါတို့ ကအမှန် တရားကိုမြတ်နိုးသောသူတွေ” ဟုကြွေးကြော်ကာ လူဘောင်စနစ်တွင်“အမှန်တရား”
ကိုစံထား၍ကိစ္စတိုင်း၌တိုင်းတာဆုံးဖြတ်ကြသည်။အမှန်တရားရရှိအောင်ပေးဆပ်ကြ သည်။

Monday, January 2, 2012

**သင်ဟာသူငယ်ချင်းကောင်းတစ်ယောက်လား?**

သင်ဟာသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ရင်ပိုက်ဆံမကုန်တဲ့
လက်ဆောင်ရှစ်မျိုးကိုပေးဖို့မမေ့နဲ့နော်........။

လက်ဆောင်တစ်က-   "နားထောင်ခြင်းလက်ဆောင်".....တဲ့...။
-နားထောင်တယ်ဆိုတဲ့နေရာမှာအမှန်တကယ်နားထောင်ရမှာနော်။
ကြားဖြတ်ပြီးဝင်မပြောရဘူး။တွေးငေးစိတ်ကူးနေတာမဖြစ်ရဘူး။
ဘယ်လိုတုံ့ပြန်ပြောမယ်ဆိုပြီးစိတ်ထဲမှာကြိုတင်ပြင်ဆင်နေတာမျိုးလဲ
မဖြစ်ရဘူး။နားထောင်ပေးခြင်းသက်သက်ပဲ။

hope: နှစ်ခါဖက်ရမဲ့စာသားလေးပါတဲ့..

hope: နှစ်ခါဖက်ရမဲ့စာသားလေးပါတဲ့..

နှစ်ခါဖက်ရမဲ့စာသားလေးပါတဲ့..

 ၂ ခေါက်ဖတ်ရမယ်။
> လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-

> အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
> အမျိုးသမီး-ဟင်းနော်....ထားသွား လိုက်ရမလား?
> အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
> အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
> အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
> အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
> အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
> အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
> အမျိုးသား-အချိန်မရွေးပဲ
> အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
> အမျိုးသား- မင်းရူးများရူးနေလားကွာ
> အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
> အမျိုးသား-အင်း
> အမျိုးသမီး-မောင်ရယ်...
> လက်ထပ်ပြီးတဲ့အခါ


အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ ဒီအတိုင်းပါပဲ။