အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။ ourmandalay.net နှင့် မှော်ဝန်းသား မှာ တင်ထားတာလေးပါ..။
သဘောလဲကျတယ်.. လောကကြီးမှာ အဲလိုလူတွေ လဲရှိနေကြတာပဲလေ.။ ငွေနောက်ကို ရေစုန်မျော
ပါရင်း ဘ၀အနှစ်သာရတွေ ကိုမေ့ နေမှာ စိုးတဲ့ အတွက် ၊ ကျွန်တော်နှင့်အတူ သူငယ်ချင်းများအားလုံး
အတွက် ကူးယူဖေါ်ပြပေးလိုက်ပါတယ်.။
Saturday, December 31, 2011
လူသစ်နှင့် သမ္မာကျမ်းစာ NEW LIFE AND THE WORD OF GOD
လူဟောင်းကနေ လူသစ်အဖြစ်ကို ပြောင်းလဲလာဖို့အတွက် နှုတ်ကပတ်တော်ကို ကြားနာယုံကြည်ခြင်းဟာ အဓိကကျသလို လူသစ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာလဲ နှုတ်ကပတ်တော်အပေါ်မှာသာ ယုံကြည်ခြင်းနဲ့ ရပ်တည်ပြီး ဆက်လက်အသက်ရှင်ရမှာ ဖြစ်ပါတယ်။ နှုတ်ကပတ်တော်ဖြစ်တဲ့ သမ္မာ ကျမ်းစာကို ခုံမင်နှစ်သက်လာခြင်းဟာ အသက်တာပြောင်းလဲလာခြားရဲ့ လက္ခဏာသက်သေ တစ်ခုဖြစ်ပါတယ်။
နှုတ်ကပတ်တော်ကို ခံယူခြင်း (BIBLE INTAKE)ဟာ ဝိညာဉ်ပိုင်းဆိုင်ရာ အစာစားခြင်း၊ အာဟာရမှီဝဲခြင်းဖြစ်တယ်။ (မဿဲ၊၄း၎)။ နှုတ်ကပတ်တော်ကို ခံယူရမယ့် နည်းအမျိုးမျိုးရှိပါတယ်။ပထမဆုံး ချင်းလူမျိုးခရစ်ယာန်များ
နိဒါန်း။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာခန့် (1813 ခုနှစ်)က အမေရိကန်သာသနာပြု ဇနီးမောင်နှံများဖြစ်ကြသောအဒိုနီရမ်ဂျပ်ဆင် (Adoniram Judson) နှင့် အဲန်း (Ann H. Judson) တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြပြီး ခြောက်နှစ်အကြာ (1819)ခုနှစ် ဇွန်လတွင် ဦးနောသည် ပထမဆုံးသော ယုံကြည်သူ ခရစ်ယာန်ဖြစ်လာသည်။ထို့နောက် နှစ်ပေါင်း 80ကျော် ကြာလာသည့်အခါ အမေရိကန်နှစ်ခြင်း ယူနီယန်မှ ချင်းလူမျိုးများအကြား စေလွှတ်ခြင်းခံရသော သိက္ခာတော်ရဆရာ အေအီး ကာဆင် (Rev.Arthur E. Carson) နှင့် လော်ရာဟားဒင်း ကာဆင် (Laura Hardin Carson) တို့ဇနီးမောင်နှံသည် 1899ခုနှစ် မတ်လ (15)ရက်တွင် ချင်းတောင်မြောက်ပိုင်းရှိ ဟားခါးမြို့သို့ ရောက်ရှိလာကြသည်။
Rev. Carson သည် မိမိနှင့်လက်တွဲလုပ်ဆောင်မည့်သူ ဆရာဝန်တစ်ဦးလိုအပ်ကြောင်း မီရှင်ဘုတ်အဖွဲ့သို့ တင်ပြရာ အဖွဲ့မှ Dr. Erik H. East ကို မြန်မာနိုင်ငံသို့စေလွှတ်ခဲ့သည်။ Dr. East အလာတွင် အင်းစိန်ကျမ်းစာကျောင်းအောင်မြင်ပြီးသူ ကရင်အမျိုးသား ဆရာရွှေဇံအား ချင်းတောင်သို့ ခေါ်လာရာ (21.3.1902) တွင် ဟားခါးသို့ ရောက်လာကြသည်။ သာသနာပြုဆရာများသည် 1900 ပြည့်နှစ်တွင် Mission ကျောင်းကို ဟားခါးတွင် ဖွင့်လှစ်ပြီး၊ ဒုတိယ Mission ကျောင်းကို တွးတိန်တွင် ထပ်မံဖွင့်လှစ်သည်။ တတိယ Mission ကျောင်းကို Forth White (သိုင်ငင်းနှင့် ခေါ်ဆကြား)တွင် ဖွင့်လှစ်ရန် ဆရာရွှေဇံအား ဟားခါးမှခေါ်ဆ သို့ စေလွှတ်ခဲ့ပါသည်။

Subscribe to:
Posts (Atom)